ourbodiesspeakthetruth
  • ဗမာစာ
  • English
hello
ခန္ဓာ့မြေပုံတစ်ခုကို ဖတ်ရှုခြင်း
ခန္ဓာ့မြေပုံတစ်ခုကို ဖတ်ရှုခြင်း

ခန္ဓာ့မြေပုံတစ်ခုကို ဖတ်ရှုခြင်း

ငယ်ဘဝ

ခန္ဓာ့မြေပုံတစ်ခုဆိုတာဟာ ရှင်သန်လွတ်မြောက်သူတစ်ဦးရဲ့ ကြုံတွေ့ခဲ့ရတဲ့အမှန်တရားကို အပြင်က ခန္ဓာကိုယ်အရွယ်အစားအတိုင်း သူမရဲ့ခန္ဓာကိုယ်တခုလုံးပေါ်မှာ ပုံဖော်တင်ဆက်မှုတခုပဲဖြစ်ပါတယ်။ ပုံဆွဲသူ/ရှင်သန်လွတ်မြောက်သူအနေနဲ့ သူမရဲ့ ခန္ဓာ့မြေပုံကို ဖန်တီးပြီး ကုစားမှုနဲ့ စွမ်းရည်မြှင့်တင်မှုတွေကို ရှာဖွေစေ့ဆော်ပေးနိုင်တဲ့ ပြန်လည်သုံးသပ်မှုတွေနဲ့ အတွေ့အကြုံ ဖလှယ်မျှဝေမှုဖြစ်စဥ်မှာပါဝင်တာဖြစ်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ ရှင်သန်လွတ်မြောက်သူရဲ့ အမှန်တရားတွေ၊ အင်အားတွေနဲ့ အလိုက်သင့်တွန်းလှန်လွန်မြောက်နိုင်စွမ်းတွေကို သူမရဲ့ ခန္ဓာ့မြေပုံမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

လူရွယ်ဘဝ

ခန္ဓာ့မြေပုံရဲ့ ဘယ်ဘက်အပေါ်ထောင့်ဟာ ပုံဆွဲသူ/ရှင်သန်လွတ်မြောက်သူရဲ့ နာမည်နှင့် မွေးနေ့ဖြစ်ပါတယ်။

ခန္ဓာကိုယ်

အလယ်ဗဟိုနေရာကတော့ ရှင်သန်လွတ်မြောက်သူရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအမာရွတ်များ၊အနာတရများ၊ ရောဂါများနှင့် အခြားအခြေအနေများကို သက်ရှိခန္ဓာကိုယ်အရွယ်အစားအတိုင်း ပုံဖော်ပြသထားတာဖြစ်ပါတယ်။

မျှော်လင့်ချက်နှင့် အိမ်မက်များ

ရှင်သန်လွတ်မြောက်သူရဲ့ ခန္ဓာကိုယ်အနောက်မှာတော့ သက်ရှိအရွယ်အစားအခြားခန္ဓာကိုယ်တစ်ခုရဲ့ ပုံရိပ်ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ ရှင်သန်လွတ်မြောက်သူရဲ့ဘဝကို ထောက်ပံ့ကူညီပေးတဲ့သူအားလုံးကို ကိုယ်စားပြုဖို့ ရည်ရွယ်ပါတယ်။ (ကျမတို့အားလုံး သတိပြုရမယ့်အရာတစ်ခုကတော့ ကျမတို့ရဲ့ အင်မတန်ခက်ခက်ကြမ်းတမ်းလှတဲ့ အချိန်အခိုက်အတန့်တွေမှာတောင်မှ ကျမတို့ဟာ ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူးဆိုတာပါပဲ)။ဒီနေရာမှာ အချို့ ပုံဆွဲသူ/ ရှင်သန်လွတ်မြောက်သူတွေကတော့ သူတို့ကို နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ လူတွေရဲ့ နာမည်ကို ထည့်ထားပါတယ်။

ရှင်သန်လွတ်မြောက်သူရဲ့ ဘဝအစိတ်အပိုင်း/အချိုးအကွေ့များ

ရှင်သန်လွတ်မြောက်သူ ခန္ဓာကိုယ်ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ အရာတွေကတော့ သူ့ရဲ့ ဘဝအစိတ်အပိုင်း၊ အချိုးအကွေ့အသီးသီးကို ပုံဖော်ထားတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။ အဲဒါတွေကို နာရီလက်တံပြောင်းပြန်အတိုင်း ဖတ်လျင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အပေါ်ဘက် လက်ဝဲဘက်ထောင့်က သူမရဲ့ ကလေးဘဝကနေ စတင်ပြီး သူမရဲ့ ဆယ်ကျော်သက်ရွယ်ဘဝ၊ အရွယ်ရောက်ပြီးစဘဝနှင့် လက်ရှိဘ၀ အခြေအနေတွေဆီကို အဆင့်ဆင့် ရွေ့သွားပြီး အပေါ်ဘက် လက်ယာ ဘက်ထောင့်ကပုံရိပ်ကတော့ ရှင်သန်လွတ်မြောက်သူရဲ့ -သူမအတွက်၊ သူမ ပတ်ဝန်းကျင်အတွက်နဲ့ သူမရဲ့ နိုင်ငံအတွက် သူမ ရဲ့ မျှော်လင့်ချက်တွေကို တင်ပြထားတာဖြစ်ပါတယ်။