ourbodiesspeakthetruth
  • ဗမာစာ
  • English
နော်မယ်မယ်
နော်မယ်မယ်

နော်မယ်မယ်

ကလေးဘဝ

ကရင်ပြည်နယ်ရှိ ကျေးရွာငယ်တစ်ခုတွင် ဖွားမြင်ခဲ့သော နော်မယ်မယ်သည် သူမ၏မိသားစုနှင့် ကျေးရွာအသိုက်အဝန်းအတွက် ဘဝတစ်လျှောက်လုံး အလုပ်ကြိုးစားခဲ့ပါသည်။ အနီးနားတွင် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ မရှိသောကြောင့် ကျောင်းတက်ရောက်ရန် အခွင့်အရေးမရရှိခဲ့ပါ။ ငယ်စဉ်ကတည်းက မိဘများ၏ လယ်ယာစိုက်ပျိုးရေးတွင် ကူညီဆောင်ရွက်ပေးခဲ့သည်။ ကျွဲနွားများနှင့် ဝက်များကို မွေးမြူခြင်းအား သူမ အင်မတန်သဘောကျသည်။ သူမသည် ထိမ်မြားလက်ထပ်ခြင်း မရှိခဲ့ပဲ မိဘများကို သူတို့ ကွယ်လွန်ချိန်အထိ ပြုစုစောင့်ရှောက်ခဲ့သည်။

လူကြီးဘဝ

နော်မယ်မယ်သည် ငယ်ရွယ်စဉ်ကတည်းက စစ်ပွဲများနှင့်အတူ နေထိုင်ခဲ့ရပါသည်။ စစ်ပွဲများနှင့် ကျေးရွာများ မီးရှို့ခံရမှုများအကြား သူမနှင့် သူမ၏ မိသားစုသည် တောတောင်များအတွင်းသို့ ထွက်ပြေးပုန်းအောင်းခဲ့ရသည်။ သူမအသက် ၁၂ နှစ်တွင် ကျေးရွာသူရွာသားများနှင့်အတူ ပုန်းအောင်းနေစဉ် သူမ၏ မိခင် ချက်သည့် အစားအစာကြောင့် မိခင်ဖြစ်သူကို အော်ဟစ်ခဲ့သည်ကို အမှတ်ရနေသည်။ သူမ၏ အသံကို စစ်သားများကြားသွားမည်ကို စိုးရိမ်သောကြောင့် သူ့အမေက နော်မယ်မယ်ကို မြေအောက်ဗုံးခိုကျင်းအတွင်းသို့ ပို့ဆောင်ခဲ့သည်။

လူကြီးဘဝ

၁၉၉၀ ခုနှစ်များအတွင်း ကရင်ပြည်နယ်တွင် ပဋိပက္ခများမြင့်တက်လာသောအခါ နော်မယ်မယ်သည် ကျေးရွာသူကြီးတာဝန်ကို ရဲရင့်စွာပင် ထမ်းဆောင်ခဲ့ပါသည်။ ထိုရာထူးကို ထမ်းဆောင်နေစဉ်အတွင်း တခါတရံမှသာ ထမင်းစားချိန် သို့မဟုတ် အိပ်ချိန်များ ရရှိခဲ့ပြီး စိန်ခေါ်မှုများစွာကို ဖြတ်ကျော်ရှင်သန်ခဲ့ပါသည်။ မြန်မာစစ်တပ်က ရိက္ခာများကို ပုံမှန်တောင်းဆိုခဲ့ပါသည်။ သူမက ရိက္ခာများကို စုဆောင်းပေးရပြီး စစ်တပ်စခန်းသို့ အန္တရာယ်များလွန်းသောလမ်းခရီးမှ ပို့ဆောင်ရန်အတွက် ရွာသားများကိုလည်း စုဆောင်းပေးခဲ့ရသည်။ ရိက္ခာများ အချိန်မီနှင့် အပြည့်အဝမရောက်ရှိပါက သူမကို သတ်ပြစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခံရပါသည်။ ပြောဆိုဆက်ဆံရေးခေါင်းဆောင်အနေဖြင့် မကြာခဏဆိုသလို ရိက္ခာများကို အဖိုးအခအဖြစ် ပေး၍ ဖမ်းဆီးခံရသော ကျေးရွာသားများ လွတ်မြောက်ရေးကို ညှိနှိုင်းခဲ့ပါသည်။ သူမနှင့် အခြားရွာသူကြီးများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မြေအောက်ဗုံးခိုကျင်းတွင်ထားရှိကာ ဆန်နှင့် မြေကြီးရောနှောထားသော အစားအစာများကို ကျွေးမွေးခံခဲ့ရသည်။ နော်မယ်မယ်သည် ကျေးရွာသူကြီးအဖြစ် နှစ်ပေါင်း ၃၀ ကျော်ကြာ ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အနားယူခဲ့ပါသည်။ ယခုအချိန်တွင် ကြက်ဘဲမွေးမြူရေး လုပ်ကိုင်နေပါသည်။

ခန္ဓာကိုယ်

နော်မယ်မယ်၏ ခန္ဓာကိုယ်သည် ကလေးအရွယ်တွင် ခံစားခဲ့ရသော ပန်းနာရင်ကြပ်ရောဂါ၏ ဒဏ်များအပြင် လယ်ယာအလုပ်များကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကြိတ်မှိတ် ဆောင်ရွက်ခဲ့ရမှုမှ ရရှိခဲ့သော ဒဏ်ရာများ၊ ဖိအားများနှင့် အားအင်ကုန်ခမ်းမောပန်းမှုများကို ထမ်းပိုးထားပါသည်။

“ကျွန်မရဲ့ အမှတ်လက္ခဏာကတော့ မြည်းတစ်ကောင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အလုပ်ကြိုးစားသူတစ်ဦး ဖြစ်လို့ပါ။”

မျှော်လင့်ချက်များနှင့်အိပ်မက်များ

တစ်နေ့တွင် အိမ်သာတစ်လုံးကို ထည့်သွင်းတည်ဆောက်ထားသော နေအိမ်တစ်အိမ်ပိုင်ဆိုင်နိုင်ရေး၊ သူမ၏ကျေးရွာအတွက် အထက်တန်းကျောင်းတစ်ခုနှင့် တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို သူမမျှော်လင့်လျှက်ရှိသည်။