ကလေးဘဝ
တအာန်းလူမျိုးဖြစ်သူ လွေးအေးဌေးသည် ပဋိပက္ခများနှင့်ကင်းသောကျေးရွာတစ်ခုတွင် ကြီးပြင်းခဲ့သည်။ မွေးချင်း ၃ ဦးတွင် အကြီးဆုံးဖြစ်သောသူမသည် မိဘများယာခင်းတွင် အလုပ်လုပ်နေစဉ်အတွင်း ချက်ပြုတ်ခြင်းနှင့် ရေခပ်ခြင်းအလုပ်ကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ သူမ၏ သူငယ်ချင်းများနှင့် ဆော့ကစားခြင်းအပါအဝင် ပျော်ရွှင်စရာကလေးဘဝ အမှတ်တရများစွာရှိပြီး အထူးသဖြင့် သူမ၏ မိသားစုက မွေးမြူထားသော ကြောင်ကလေးများကို အလွန်ချစ်ခင်ခဲ့ပါသည်။ သူမသည် ကျောင်းစာများကို အပတ်တကုတ်ကြိုးစားသင်ယူခဲ့ပြီး ဆရာမတစ်ဦး ဖြစ်လာရန်အတွက် အိပ်မက်မက်ခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးပြီးနောက်တွင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ကြံခင်းတွင်ကြံခုတ်ရသောအလုပ်ကို ရရှိခဲ့သည်။ သူမ၏ မိသားစုကို ကူညီရန် မကြာမကြာ အိမ်ပြန်ခဲ့ပါသည်။