ourbodiesspeakthetruth
  • ဗမာစာ
  • English
အဘူ
အဘူ

အဘူ

ကလေးဘဝ

အဘူကို ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာငယ်တစ်ခုတွင် မွေးဖွားခဲ့ပါသည်။ သူမနေထိုင်ရာ ကျေးရွာအနီးအနားတွင် တိုက်ပွဲများအမြဲလို ဖြစ်နေခဲ့သည်။ မွေးချင်း ၇ ဦးထဲတွင် အကြီးဆုံးမိန်းကလေး ဖြစ်သော လုဘူသည် သူမ၏ မိခင် ထမင်း/ဟင်းချက်၊အဝတ်လျှော်နိုင်ရန်အတွက် စမ်းချောင်းမှ ရေခပ်ပေးရသည်။ ဝက်သားပေါက်ချိန်များတွင် တောင်ယာမြေမှာနေထိုင်ရသည်ကို သူမ အင်မတန်ပျော်ရွှင်ခဲ့သည်။ သူမနေထိုင်ရာ ကျေးရွာ၏ စာသင်ကျောင်းတွင် ဒုတိယတန်းထိသာရှိသဖြင့် ကျောင်းဆက်တက်နိုင်ရန် လုဘူနှင့် သူမ၏ ညီမဖြစ်သူမှာ အဒေါ်ဖြစ်သူနှင့်အတူ သွားရောက်နေထိုင်ခဲ့ကြပါသည်။အဒေါ်၏ရွာမှာ သူတို့ရွာနှင့်ဆိုလျှင် တရက်ခရီးဖြစ်သည်။ မိဘများကို လွမ်းသော်လည်း ကျောင်းတက်ရတာကို သူမပျော်ပါသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အဘူ၏ ဖခင်မှာလဲ သတ်ဖြတ်ခံခဲ့ရပါသည်။ မြန်မာစစ်တပ်က ကျေးရွာကို မီးတင်ရှို့ခဲ့ပြီးနောက် အဘူ၏ မိသားစုမှာ အခြားမြို့တစ်ခုသို့ ပြောင်းပြေးခဲ့ရပါသည်။ အဘူသည် ကျောင်းအသစ်တစ်ခုတွင် တက်ရောက်ခဲ့ရပြီး ဂေါ်ရခါး (မူရင်း နီပေါနိုင်ငံမှ) မိန်းကလေးတစ်ဦးအပါအဝင်သူငယ်ချင်းသစ်များလည်း ရရှိခဲ့ပါသည်။

လူကြီးဘဝ

အသက် ၂၁ နှစ်တွင် အိမ်ထောင်ကျခဲ့ ပြီးနောက် ကလေး ၆ ဦးမွေးဖွားကာ ပျော်ရွင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် အပစ်အခက်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသောအခါ အဘူတို့မိသားစုသည် စစ်ဘေးရှောင်စခန်း (IDP Camp) တစ်ခု သို့ ပြောင်းရွှေ့ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် သူမ၏ သမီးဖြစ်သူသည် အခြားကျောင်းဆရာမငယ် တစ်ဦးနှင့်အတူ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါသည်။ သူမ၏ သမီးကို ပစ်ခတ်သတ်ဖြတ်သည့် လက်သည်မှာ မည်သူမည်ဝါမကွဲပြားသော်လည်း ထိုအဖြစ်အပျက်သည် မြန်မာစစ်တပ် အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သမီးဖြစ်သူ၏ အလောင်းကို အဘူထံပြန်ပို့လာသည့်အတွက် သင့်လျှော်လျှောက်ပတ်စွာ မြေမြုပ်သင်္ဂြိုဟ်နိုင်ခဲ့သည်။

ခန္ဓာကိုယ်

လုဘူ၏ ကိုယ်ခန္ဓာသည် ကလေးဘဝက သာမန်ဒဏ်ရာအမာရွတ်များ၊ ကိုယ်ဝန်ကြောင့်ရရှိသည့် အမာရွတ်များနှင့် သူမဆုံးရှုံးခဲ့ရမှုများကြောင့်ရရှိခဲ့သော စိတ်ဒဏ်ရာအမာရွတ်များရှိနေပါသည်။

“ကျွန်က သစ်ပင်တစ်ပင်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အခြားသူတွေကို ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်နေတာကြောင့်ပါ။”

မျှော်လင့်ချက်များနှင့် အိပ်မက်များ

လုဘူသည် ဒေသန္တရတွင်းအကူအညီပေးရေးအဖွဲ့တစ်ခုနှင့် လက်တွဲဆောင်ရွက်လျှက်ရှိပြီး အခြားသူများကို ကူညီထောက်ပံ့ရန် စိတ်ဓာတ်ခွန်အားများကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမ၏ မျှော်လင့်ချက်မှာ သူမ၏သမီးအတွက် တရားမျှတမှုကို ရရှိရေး၊ အခြားအမျိုးသမီးရှင်သန်လွတ်မြောက်သူများ စည်းလုံးညီညွတ်ရေးနှင့် သူတို့၏ဘဝများ ပိုမိုကောင်းမွန်လာရေးတို့ပင်ဖြစ်သည်။ သူမ၏ တိုင်းပြည်အတွင်း တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို မြင်တွေ့လိုနေသည်။