ourbodiesspeakthetruth
  • ဗမာစာ
  • English
hello

ပိုမိုလေ့လာရန်

မြန်မာနိုင်ငံ၏ အခြေအနေ၊ အမျိုးသမီး ရှင်သန်လွတ်မြောက်သူများကို ပံ့ပိုးကူညီနိုင်မည့်နည်းလမ်းများ၊ အာဏာသိမ်းစစ်တပ်အား ဖြုတ်ချ၍ မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လှုပ်ရှားမှုများအကြောင်း စိတ်ဝင်တစားနားစွင့်၍ အများပြည်သူသိရှိအောင် လုပ်ဆောင်ရာတွင် ပါဝင်ကူညီပါ။

ADVOCATE

အမျိုးသမီးရှင်သန်လွတ်မြောက်သူများကို ကူညီပံ့ပိုးပေးရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန်အတွက် သင်တို့၏အစိုးရ၊ အာဆီယံနှင့်/သို့မဟုတ် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုပါ။ အဓိက ဦးစားပေးလုပ်ဆောင်ရမည့် အချက်များမှာ:

  • အာဏာသိမ်းစစ်တပ်အား ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို အဆုံးသတ်ရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အရ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံ အာဏာလွှဲပြောင်းပေးရေးတို့ကို လုပ်ဆောင်ရန် ဖိအားပေးခြင်း။
  • တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (EROs) အပါအဝင် ယုံကြည်စိတ်ချရသော ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှတဆင့် စစ်ဘေးရှောင် (IDP) များနှင့် ပဋိပက္ခဖြစ်ပွားရာဒေသရှိ ပြည်သူများအား နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခြင်း
  • မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တားမြစ်စေရန် ဖိအားပေးခြင်း
  • ကုလသမဂ္ဂ/နိုင်ငံတကာအထူးအဖွဲ့များမှ အမျိုးသမီးများနှင့် အရပ်သားများအပေါ် ကျူးလွန်လျက်ရှိသော လိင်အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန်နှင့် ကြားဝင်စွက်ဖက် ဖြေရှင်းပေးရန်
  • မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာရာဇ၀တ်ခုံရုံးအား တင်ပြရန်
  • အာဏာသိမ်းစစ်တပ် သို့မဟုတ် ၎င်းတို့အား အထောက်အပံ့ဖြစ်စေရန် ဝင်ငွေပေးနေသည့် ကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား ဝယ်ယူခြင်းမပြုရန်

About the Organizers

စီစဥ်သူများအကြောင်းအာရှတရားမျှတမှုနှင့်လူ့အခွင့်အရေးအဖွဲ့ (AJAR) | asia-ajar.org

AJAR သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့အခြေစိုက် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ အာရှ-ပစိဖိတ်ဒေသရှိ လူ့အခွင့်အရေးများ ခိုင်မာစေရေးနှင့် အမြစ်တွယ်နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဓလေ့များအား တိုက်ဖျက်ရေးတို့ဖြစ်သည်။ ၎င်း၏ လုပ်ငန်းများကို အစုလိုက်အပြုံလိုက် ချိုးဖောက်မှုများမှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးတွင် ပါဝင်လုပ်ဆောင်သည့် နိုင်ငံများတွင် အဓိကထား လုပ်ဆောင်လျက်ရှိပြီး ထပ်တလဲလဲဖြစ်ပွားမှုကို တားဆီးရန်အတွက် အစုလိုက်အပြုံလိုက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ မူလဇစ်မြစ်မှ သင်ယူ၍ တာဝန်ယူ၊ တာဝန်ခံမှုနှင့် တရားမျှတမှုတို့ကို အခြေခံသည့် ယဉ်ကျေးမှုများ တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) | karenwomen.org

KWO ကို ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၇၀,၀၀၀ ကျော်ရှိသည့် တိုင်းရင်းသား အမျိုးသမီးလူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းအားလုံးအတွက် ကျား၊မတန်းတူညီမျှမှု၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ကို ကာကွယ်မြှင့်တင်ပေးသည့် ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်လာရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့သည် မြန်မာနိုင်ငံရှိ ကရင်ဒေသများတွင် နေထိုင်လျက်ရှိသော ထောင်နှင့်ချီသော အမျိုးသမီးများ၊ အရပ်သားများနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူမှုအဖွဲ့အစည်း စည်းရုံးရေးလုပ်ငန်းများ၊ သတင်းအချက်အလက် မျှဝေခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အထောက်အပံ့များကို ပံ့ပိုးပေးနေပါသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) | taangwomen.org
TWO သည် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ကျားမတန်းတူညီမျှမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ ဦးတည်လုပ်ဆောင်နေချိန်တွင် အမျိုးသမီးများ၏ အဆင့်အတန်းကို မြှင့်တင်ထောက်ပံ့ရေးများ ပြုလုပ်သည့် အဖွဲ့အစည်းဖြစ်သည်။ တအာင်းအသိုင်းအဝိုင်းများတွင် တွေ့ရှိခဲ့သော အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ၂၀၀၀ ခုနှစ်တွင် TWO အား စတင်ဖွဲ့စည်းခဲ့ပါသည်။ TWO သည် တအာင်းအမျိုးသမီးများအား ယုံကြည်မှုပိုရှိလာစေရန်၊ ခေါင်းဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ရန်နှင့် ကဏ္ဍအားလုံး၌ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်နိုင်ရန် ပံ့ပိုးပေးပါသည်။ TWO သည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း ပြုစုခြင်းနှင့် သင်တန်းများ ပို့ချပေးခြင်း၊ ချိုးဖောက်မှုများနှင့် တအာင်းလူမျိုးများ၏ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာအကြောင်းများ လူအများပိုမိုသိရှိအောင် ပြုလုပ်ပေးပါသည်။

ဝိမုတ္တိအမျိုးသမီးများ အဖွဲ့ (VWO)
2009 ခုနှစ်တွင် တည်ထောင်ခဲ့သော VWO သည် လူမှုရေးစိတ်ထားပြည့်ဝကြသော စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရပ်ရွာအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဝိမုတ္တိဟူသည် ပါဠိစကား (မြန်မာ့ရှေးစာပေ) မှဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ “လွတ်လပ်ခြင်း” ဖြစ်သည်။
VWO သည် အမျိုးသမီးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် ထိရှလွယ်သူများအတွက် သုတေသန၊ စည်းရုံးလှုံ့ဆော်မှု၊ ကွန်ရက်ချိတ်ဆက်ခြင်းနှင့် စုပေါင်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုတို့မှတစ်ဆင့် ကျန်းမာသော လူမှုပတ်ဝန်းကျင်ကို ဖန်တီးရန် လုပ်ဆောင်လျက်ရှိသည်။ VWO တွင် အမျိုးသမီး နိုင်ငံရေး အကျဉ်းသူဟောင်းများ စိတ်ဓာတ်ခွန်အားတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်သော အထူးအစီအစဉ် ရှိပါသည်။

Organizer’s Social Media

ဤအဖွဲ့အစည်းများကို Facebook, Twitter နှင့် အခြားလူမှုကွန်ယက်မီဒီယာများတွင် Follow လုပ်နိုင်ပါသည်။