ourbodiesspeakthetruth
  • ဗမာစာ
  • English
ခေါန်ဆမ်ပန်
ခေါန်ဆမ်ပန်

ခေါန်ဆမ်ပန်

ကလေးဘဝ

ကချင်ပြည်နယ်ကျေးလက်ဒေသရှိ မိသားစုတောင်ယာတွင် ခေါန်ဆမ်ပန် ကြီးပြင်းခဲ့သည်။ သူမ၏ကလေးဘဝက ပျော်ရွင်စရာအကောင်းဆုံး အမှတ်တရတစ်ခုမှာ သူမ၏ ဖခင်နှင့်အတူ ပွဲသွားကြည့်ခြင်းပင်ဖြစ်ပါသည်။ နေထိုင်ရာကျေးရွာသို့ တိုက်ပွဲများ ကူးစက်လာသောအခါ သူမ၏မိသားစုမှာ ထွက်ပြေးခဲ့ရသည်။ အိမ်အသစ်မှာ စာသင်ကျောင်းနှင့် အလွန်ဝေးသောကြောင့် ဒုတိယတန်းပြီးဆုံးအောင် သူမမတက်နိုင်ခဲ့ပေ။ အသက် ၁၇ နှစ်ပြည့်သောအခါ သူမ၏ ကျေးရွာမှ ယောက်ျားလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပါသည်။ သို့သော် ချစ်သူကောင်လေး၏မိသားစုက ဆင်းရဲသောကြောင့် သူမမိဘများကသဘောမတူသဖြင့် ချစ်သူနှစ်ဦးလည်း လက်တွဲဖြုတ်ခဲ့ရသည်။ (သား/သမီး၏ချစ်သူက ဆင်းရဲလျင်တောင်မှ)မိဘများအနေဖြင့် သားသမီးများ၏ချစ်ခြင်းကို မခွဲကြလျင်ကောင်းမည်ဟု ခေါန်ဆမ်ပန်က မျှော်လင့်လျက်ရှိသည်။

လူကြီးဘဝ

ခေါန်ဆမ်ပန်သည် အိမ်ထောင်ကျခဲ့ပြီးနောက် ကလေး ၇ ဦးကို မွေးဖွားခဲ့သည်။ သူမ၏ကလေးများကို ပြုစုပျိုးထောင်ပြီး သူမ ပျော်ရွှင်နေပါသည်။ သူမ၏ ကလေးများ အရွယ်ရောက်လာသည်ကို မြင်တွေ့ရပြီး သူမအလွန်ဂုဏ်ယူလျက် ရှိပါသည်။

ပဋိပက္ခများက ဆက်လက်ဖြစ်ပွားနေခဲ့ပြီး လူဦးရေများသော သူမ၏မိသားစုကို ထောက်ပံ့ရန်အတွက် ဝင်ငွေ လုံလုံလောက်လောက်ရရှိရန် လုံးပမ်းခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် သူမနေထိုင်သည့် နယ်မြေဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာသောကြောင့် သူမ၏ ကျေးရွာသားများနှင့်အတူ လိမ္မော်ခြံတစ်ခုတွင် ပုန်းအောင်းနေခဲ့ကြသည်။ မြန်မာစစ်တပ်မှ စစ်သားများက ထွက်ပြေးကြသော ကျေးရွာသားများကို အနံ့ခံခွေးတွေကိုအသုံးပြုပြီး ရှာဖွေကြသည်။ ခွေးတွေက ပုန်းအောင်းနေကြသည့် ရွာသားတွေကို ရှာဖွေတွေ့ရှိသည်နှင့် တပြိုင်နက် စစ်သားတွေများက သစ်တောများထံသို့ ဦးတည် ပစ်ခတ်ကြသည်။ ခေါန်ဆမ်ပန်မှာ တံတောင်တွင် သေနတ်မှန်သောကြောင့် လက်၏တစ်စိတ်တစ်ပိုင်းကိုလည်း ဖြတ်တောက်ခဲ့ရသည်။

ခန္ဓာကိုယ်

ခေါန်ဆမ်ပန်၏ ခန္ဓာကိုယ်တွင် ကိုယ်ဝန် ၇ ကြိမ်ဆောင်ခဲ့ရသည့် ဒဏ်ရာအမာရွတ်များရှိသည်။ လက်ကိုဖြတ်တောက်ကုသခံထားရသည့်ဒဏ်ရာကလည်း အမြဲနာကျင်လျက်ရှိသည်။

“ကျွန်မရဲ့ သင်္ကေတကတော့ ပန်းတစ်ပွင့်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ပန်းတစ်ပွင့်လိုပဲ လှပပါတယ်။ ကျွန်မအသက် ၅၀ ပြည့်ပြီဖြစ်ပေမယ့် ဒီနေ့အချိန်အထိ ပန်းလေးတစ်ပွင့်လို လှပတုန်းပါပဲ”

မျှော်လင့်ချက်များနှင့်အိပ်မက်များ

စခန်းတွင် နေထိုင်စဉ်အတွင်း သူမနေထိုင်ရာ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမှ ရှင်သန်လွတ်မြောက်လာသူများနှင့် စတင်၍ ချိတ်ဆက်ခဲ့ပါသည်။ သူမကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် အမှန်ကို အခြားသူများကိုလည်း သိစေချင်သောကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်အင်္ဂါဖြတ်တောက်လိုက်ရသူများအပါအဝင် အခြားရှင်သန်လွတ်မြောက်သူတွေကို ကူညီထောက်ပံ့နိုင်ရန်နှင့် မိမိတို့ ခံစားခဲ့ရသည့် တရားမှုများကို ဖွင့်ဟထုတ်ဖော်ပြောကြရေး အားပေးနိုင်ရန် သူမမျှော်လင့်နေပါသည်။ သူမအတွက် ကျန်းမာသောဘဝနှင့် သူမ၏ကလေးများအတွက် ကောင်းမွန်သောပညာရေးကို ရရှိစေချင်ပါသည်။ ရှင်သန်လွတ်မြောက်သူများအားလုံး အတူလက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြလျင် လူမှုအသိုက်အဝန်းအတွက် ငြိမ်းချမ်းမှုနှင့် တရားမျှတမှုကို ဆောင်ကြဉ်းအောင်မြင်နိုင်လိမ့်မည်ဟု သူမယုံကြည်နေပါသည်။