ကလေးဘဝ
အားလွမ်ကို ကချင်ပြည်နယ်တောင်တန်းဒေသရှိ ဝေးလံခေါင်ဖျားသော ကျေးရွာတစ်ရွာတွင် မွေးဖွားခဲ့ပါသည်။ သူမ၏ ဖခင်မှာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး လယ်သမားတစ်ဦးလည်း ဖြစ်ပါသည်။ သူမငယ်ရွယ်စဉ်ကမိသားစု ကျွဲ မွေးမြူရေးတွင် ကူညီခဲ့သည်။ သူမနေထိုင်ရာဒေသအတွင်း တိုက်ပွဲများ အစဉ်မပြတ်ဖြစ်ပွားခဲ့ပြီး မိသားစုမှာလည်း ကြိမ်ဖန်များစွာ ထွက်ပြေးခဲ့ရသည်။ တစ်ကြိမ်တွင် ရွာသားများသည် တောထဲတောင်ထဲတွင် ရွာသစ်ပြန်တည်ခဲ့ကြရသည်။